Sunday, February 12, 2017

ပြည်မြို့၏ တပို့တွဲလပြည့် ညံရိုးပူဇော်ပွဲ၊ ထမနဲပွဲနှင့် ဖိုးဦးတောင်ပွဲတော် =============================================== (မို့မို့) နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ကြရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆက်လက်ကျင်းပကြသည်။ ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ညံရိုးမီးပူဇော်ပွဲသည် မြန်မာတစ်နိုင်ငံလုံးတွင် အထူးခြားဆုံးသော ရှေးရိုးရာ ဘာသာရေး ပွဲတော်တစ်ခုလည်းဖြစ်သည်။ ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူပူဇော်ပွဲ သည် အခါရာသီနှင့်အညီ ကျင်းပပြုလုပ်သော ပူဇော်ပွဲဖြစ်ရာ ရှေးသူဟောင်းတို့က တပို့တွဲအကြောင်းရေးဖွဲ့ရာတွင် ''ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ''ဟု ဖွဲ့ ဆိုခဲ့ကြသည်။ တပို့တွဲလတွင် ရာသီပန်းအားဖြင့် ပေါက်ပန်း၊ လဲပန်းများပွင့်ကြပြီး ပွဲတော် အားဖြင့် မီးပုံပွဲ၊ ယာဂုပွဲများကျင်းပကြ သည်ကို ရည်ရွယ်၍ဖွဲ့ဆိုခဲ့ကြခြင်းဖြစ် သည်။ မီးပုံပွဲကို ''မီးဖုန်းပွဲ''ဟုလည်းခေါ်ကြသေးသည်။ ''ဖုန်း'' ဟူသော စကားသည် ''ပုည'' ဟူသောပါဠိစကားမှ ဆင်းသက်လာပြီး ကုသိုလ်ကောင်းမှုဟု အဓိပ္ပာယ်ရကာ ''မီးဖုန်းပွဲ''သည် မီးကုသိုလ်ပွဲဟု အဓိပ္ပာယ်ရပါသည်။ တောင်တွင်းကြီးဦးကြော့ရေးဖွဲ့သည့် တပို့တွဲလဘွဲ့ တေးထပ်တွင် ''ချမ်းဆိုသမှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး ရွှေလက်ကင်သည်၊ ရေစက်သွင်အေး တဲ့သည်လ''ဟု ရေးဖွဲ့ထားပါသည်။ ''မီးမယ်ဖျူး''ဆိုသည်မှာ ''မီးလင်းဖို'' ဟု အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားရှင် သည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး တော်မူစဉ် ညနေချမ်းအချိန်၌ ကျောင်း တော်၏ အနောက်ဘက်တွင် ကိုယ်တော် တစ်ပါးတည်း ကျောက်ကုန်းကို နေပူစာလှုံသည်ကို အကြောင်းပြု၍ မီးလင်းဖိုတွင် နံ့သာထင်းထည့် မီးရှို့ပြီးကပ်လှူကြသည်။ အလွန်အေးချမ်းသော ဆောင်း ရာသီတွင် မြတ်စွာဘုရားကို အလင်းဓာတ် နှင့် အနွေးဓာတ် လှူဒါန်းသောအနေဖြင့် ကုသိုလ်တရားပွားများနိုင်ရေးအတွက် ပျူလူမျိုးတို့က စတင်ကျင်းပခဲ့သည်ဟုလည်း မှတ်သားရပါသည်။ အခြားအခြားသော ဘုရားစေတီများတွင် နံ့သာထင်းများ မီးရှို့ကာ လှူဒါန်းပူဇော်ကြသော်လည်း ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် ညံရိုးများကိုသာ မီးရှို့ ပူဇော်ကြသည်။ ညံရိုးဆိုသည်မှာ အရွက်သေး၍ တို့စားရသော တစ်နှစ်ခံ စိမ့်မြေပေါက်အပင် မျိုးဖြစ်ပြီး ထိုအပင်၏ ပင်စည်မှ အခေါက်ပါးပါးလေးကို လျှော်ခွာသကဲ့သို့ ခွာလိုက်ပါက အဖြူရောင်ဖော့ရိုးများနှင့် ခပ်ဆင်ဆင်တူသည့် အဖြူရောင် ညံရိုးချောင်းများ ရရှိပါသည်။ ထိုညံရိုးချောင်းများသည် အနှစ်မပါ အပွသားများဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးရှိလှပါသည်။ ရှေးစာဆိုတို့ ဖွဲ့ဆိုခဲ့သော ကွင်းစခန်းခွန်းထောက်တွင် ''ပတ္တမြားရောင် ဖားကဖောင်သံလွင်လွင် နှင့် ရွှေညံပင်ရှုပ်မရှင်းတယ်၊ ကွင်းပြည့်ခမန်း'' ဟု ဖွဲ့ဆိုထားသည်နှင့်အညီ ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် ကမွန်ခြုံရွာနှင့် မှော်ဇာအနီးတစ်ဝိုက်တွင် ကွင်းပြည့်ခမန်း ညံရိုးများ အလေ့ကျ ပေါက်ကြပါသည်။ ထိုကျေးရွာများမှ ရွာသူရွာသားများ သည် တပို့တွဲလပြည့်နေ့မတိုင်မီ တစ်လလောက်အလိုကတည်းက ညံပင်များကို ခုတ်လှဲ၍ အခေါက်များခွာပြီး စုဆောင်းထားကြပါသည်။ တပို့တွဲလဆန်း ၁၃ရက်၊ ၁၄ ရက်တို့တွင် အခေါက်ခွာထားသော အဖြူရောင်ညံရိုးများကို စည်းနှောင် ၍ သယ်ဆောင်လာကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ရှေ့ လမ်းမတစ်လျှောက်၌ ရောင်းချကြသည်။ ဘုရားဖူးလာသူများသည် ထိုညံရိုးချောင်းများကို အလုအယက်ဝယ်ယူကြ၍ ရှင်တော်ဘုရားအား အနွေးဓာတ်ရရှိစေရန် မီးရှို့ပူဇော်ကြပါသည်။ ညံရိုးမီးပူဇော်ပွဲကို ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်း ရတနာပုံစေတီတော် ဘုရားနားတွင် အလျား ပေ၂ဝx အနံ ၁၂ပေ၊ အမြင့် ၄ပေခွဲရှိ အုတ်ကန်ကို နှစ်ကန့်ခွဲ၍ ဖွဲ့စည်းထားသည်။ ညံရိုးပူဇော်ပွဲနေ့တွင် ဘုရားဖူးပြည်သူများ သည် နံနက် ၃နာရီနှင့် ၄ နာရီအတွင်း လာရောက်ကြသည်။ ပုံမှန်ဘုရားကြီး၏ အရပ်လေးမျက်နှာမှ တံခါးများကို နံနက် ၅နာရီတွင် ဖွင့်ပေးပြီး ညံရိုးပူဇော်ပွဲနေ့ တွင် နံနက် ၄နာရီတွင် တံခါးများကို ဖွင့် ပေးသည်။ နံ့သာတုံးအပါအဝင် ညံရိုး ချောင်းများကို မီးပုံပေါ်သို့ အဝေးမှပစ်ထည့်ပြီး ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပူဇော်ခြင်းကြောင့် ဥာဏ်ကောင်း ခြင်းအကျိုးကိုရရှိနိုင်သည်ဟု ယုံကြည်ခဲ့ကြပြီး ဒွတ္တပေါင်မင်းကြီးလက်ထက်မှ ယနေ့အထိ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။ တပို့တွဲလအကြောင်း ဖွဲ့ဆိုရာတွင် ထမနဲပွဲမှာလည်း အဓိကဇာတ်ကောင်ဖြစ် သည်။ ထမနဲပွဲကြောင့် တပို့တွဲလသည် ပိုမိုအသက်ဝင်လာပြီး မြန်မာလူမျိုးတို့၏ ကျက်သရေကိုပါ တင့်တယ်ထည်ဝါစေ ပါသည်။ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်တွင် ကျင်းပကြသည်။ နံနက် ၇ နာရီမှ စတင်ပြီး ထမနဲထိုးချိန်တစ်နာရီအတွင်း ယှဉ်ပြိုင်ရသည်။ ထမနဲထိုးရာတွင် မန်လည်ဆရာတော်ကြီး၏ စာချိုးနှင့်အညီ ''ထမနဲထိုးရန်ဖို့ စာချိုးလို့မှာခဲ့မယ်၊ တစ်စိတ်ဆန်သည် ကောက်ညှင်းကိုလ တစ်ပိဿာဆီ အမှန် သွင်းပါလို့ ချင်းကသုံးဆယ်၊ မြေပဲဖြူလှော်တစ်ခွက်ကယ်နဲ့ အုန်းသီးဆန်အတူ စွတ်ပါလို့ နှမ်းမပျက်ဤနည်းနှယ်၊ ရေစင်ကြယ်ပထည့်ထိုး၊ လက်နှစ်သစ်သာပ၊ တွက်စစ်ကာချိန်၊ တစ်ဆယ်ဆားရယ်နဲ့ ၊ အားသစ်လို့ထိုး'' ဟူသည့်အတိုင်း ယှဉ် ပြိုင်ကြသည်။ ဆုပေးပွဲကို ပြိုင်ပွဲပြီးသည့် နံနက် ၈နာရီခွဲတွင်ရင်ပြင်တော် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။ တပို့တွဲလပြည့်နေ့ ညံရိုးပူဇော်ပွဲအပြီး နံနက် ၆ နာရီတွင် ဘုရားဖူးလာပြည်သူများကို ပြိုင်ပွဲဝင်များ၏လက်ရာ ထမင်နဲများဖြင့် စတုဒိသာကျွေးမွေးကြသည်။ ထမနဲသည် မြန်မာ့ရိုးရာ အစားအစာဖြစ်၍ ဆေးဖက်လည်းပါ ဝင်ပါသည်။ ဆီနိုင်၍ အပူစာများ ပါဝင်သဖြင့် အလွန်ချမ်းအေး၍ အဆီခြောက် ခန်းချိန်ဖြစ်သော တပို့တွဲလရာသီနှင့် အလွန်သင့်မြတ်လေရာ ဆီနိုင်၍ အပူစာ ထမနဲကို သုံးဆောင်လျှင် အသားအရေစို ပြည်၍ အပူဓာတ်ရလာသည်ဟုဆိုသည်။ စတုဒိသာထမနဲများ သုံးဆောင်ပြီး သည်နှင့် ဘုရားဖူးပြည်သူများသည် ပြည် မြို့ တစ်ဖက်ကမ်းရှိ ဖိုးဦးတော်သို့ စက်လှေ များဖြင့် ဆက်လက်ဘုရားဖူးချီတက် ကြသည်။ ဖိုးဦးတောင်တော်သည် မြတ်စွာဘုရား ကြွလာပြီး ဗြာဒိတ်တော်ပေးတော်မူခဲ့သည့်နေရာလည်းဖြစ်ပြီး ပျူရှင်ဘုရင် ဒွတ္တပေါင်မင်းကြီးနှင့် ဗိဿနိုးပန်ထွာ မိဖုရားတို့၏ ဘဝဟောင်းကပွေးဖို ပွေးမတို့ နေထိုင်ကျက်စားခဲ့ရာ နေရာလည်းဖြစ် သည်။ ဖိုးဦးတောင်စေတီကို ဖူးမြော်ရင်း ဧရာဝတီမြစ်နှင့် သဘာဝတောင်စွယ် တောင်တန်းများ၏ လွမ်းမောဖွယ်ရာ ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။ ပြည်မြို့နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူ လူငယ် များ အတန်းတင်စာမေးပွဲနီးလာသည့် ဤလရာသီတွင် ဥာဏ်ရည်ကောင်းစေရန် ညံရိုးပူးဇော်ရင်း အအေးဓာတ်ကို အံတုသည့် ဓာတ်စာထမနဲများ သုံးဆောင်ကာ စိတ်အပန်းဖြေသွားရောက်သည့် ဤဘာသာရေးပွဲတော်ကြီးကို ယနေ့အထိ ထိန်းသိမ်းလာခဲ့သည်မှာ အံ့မခန်းသည့် ဓလေ့တစ်ခုပင်ဖြစ်သည်။

ပြည်မြို့၏ တပို့တွဲလပြည့် ညံရိုးပူဇော်ပွဲ၊ ထမနဲပွဲနှင့် ဖိုးဦးတောင်ပွဲတော်
===============================================

(မို့မို့)

နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်
စေတီတော်မြတ်ကြီးတွင် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ကြရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆက်လက်ကျင်းပကြသည်။ ပြည်မြို့
ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ညံရိုးမီးပူဇော်ပွဲသည် မြန်မာတစ်နိုင်ငံလုံးတွင် အထူးခြားဆုံးသော ရှေးရိုးရာ ဘာသာရေး ပွဲတော်တစ်ခုလည်းဖြစ်သည်။ ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူပူဇော်ပွဲ သည် အခါရာသီနှင့်အညီ ကျင်းပပြုလုပ်သော ပူဇော်ပွဲဖြစ်ရာ ရှေးသူဟောင်းတို့က တပို့တွဲအကြောင်းရေးဖွဲ့ရာတွင် ''ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ''ဟု ဖွဲ့ ဆိုခဲ့ကြသည်။

တပို့တွဲလတွင် ရာသီပန်းအားဖြင့် ပေါက်ပန်း၊ လဲပန်းများပွင့်ကြပြီး ပွဲတော်
အားဖြင့် မီးပုံပွဲ၊ ယာဂုပွဲများကျင်းပကြ သည်ကို ရည်ရွယ်၍ဖွဲ့ဆိုခဲ့ကြခြင်းဖြစ် သည်။ မီးပုံပွဲကို ''မီးဖုန်းပွဲ''ဟုလည်းခေါ်ကြသေးသည်။ ''ဖုန်း'' ဟူသော စကားသည် ''ပုည'' ဟူသောပါဠိစကားမှ ဆင်းသက်လာပြီး ကုသိုလ်ကောင်းမှုဟု အဓိပ္ပာယ်ရကာ ''မီးဖုန်းပွဲ''သည် မီးကုသိုလ်ပွဲဟု အဓိပ္ပာယ်ရပါသည်။

တောင်တွင်းကြီးဦးကြော့ရေးဖွဲ့သည့် တပို့တွဲလဘွဲ့ တေးထပ်တွင် ''ချမ်းဆိုသမှ
စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး ရွှေလက်ကင်သည်၊ ရေစက်သွင်အေး တဲ့သည်လ''ဟု ရေးဖွဲ့ထားပါသည်။ ''မီးမယ်ဖျူး''ဆိုသည်မှာ ''မီးလင်းဖို'' ဟု
အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားရှင် သည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး တော်မူစဉ် ညနေချမ်းအချိန်၌ ကျောင်း တော်၏ အနောက်ဘက်တွင် ကိုယ်တော်
တစ်ပါးတည်း ကျောက်ကုန်းကို နေပူစာလှုံသည်ကို အကြောင်းပြု၍ မီးလင်းဖိုတွင် နံ့သာထင်းထည့် မီးရှို့ပြီးကပ်လှူကြသည်။ အလွန်အေးချမ်းသော ဆောင်း
ရာသီတွင် မြတ်စွာဘုရားကို အလင်းဓာတ် နှင့် အနွေးဓာတ် လှူဒါန်းသောအနေဖြင့် ကုသိုလ်တရားပွားများနိုင်ရေးအတွက် ပျူလူမျိုးတို့က စတင်ကျင်းပခဲ့သည်ဟုလည်း မှတ်သားရပါသည်။ အခြားအခြားသော ဘုရားစေတီများတွင် နံ့သာထင်းများ  မီးရှို့ကာ လှူဒါန်းပူဇော်ကြသော်လည်း ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် ညံရိုးများကိုသာ မီးရှို့ ပူဇော်ကြသည်။

ညံရိုးဆိုသည်မှာ အရွက်သေး၍ တို့စားရသော တစ်နှစ်ခံ စိမ့်မြေပေါက်အပင်
မျိုးဖြစ်ပြီး ထိုအပင်၏ ပင်စည်မှ အခေါက်ပါးပါးလေးကို လျှော်ခွာသကဲ့သို့ ခွာလိုက်ပါက အဖြူရောင်ဖော့ရိုးများနှင့် ခပ်ဆင်ဆင်တူသည့် အဖြူရောင် ညံရိုးချောင်းများ ရရှိပါသည်။ ထိုညံရိုးချောင်းများသည် အနှစ်မပါ အပွသားများဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးရှိလှပါသည်။ ရှေးစာဆိုတို့ ဖွဲ့ဆိုခဲ့သော ကွင်းစခန်းခွန်းထောက်တွင် ''ပတ္တမြားရောင် ဖားကဖောင်သံလွင်လွင် နှင့် ရွှေညံပင်ရှုပ်မရှင်းတယ်၊ ကွင်းပြည့်ခမန်း'' ဟု ဖွဲ့ဆိုထားသည်နှင့်အညီ ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် ကမွန်ခြုံရွာနှင့် မှော်ဇာအနီးတစ်ဝိုက်တွင် ကွင်းပြည့်ခမန်း ညံရိုးများ အလေ့ကျ ပေါက်ကြပါသည်။

ထိုကျေးရွာများမှ ရွာသူရွာသားများ
သည် တပို့တွဲလပြည့်နေ့မတိုင်မီ တစ်လလောက်အလိုကတည်းက ညံပင်များကို ခုတ်လှဲ၍ အခေါက်များခွာပြီး စုဆောင်းထားကြပါသည်။ တပို့တွဲလဆန်း ၁၃ရက်၊ ၁၄ ရက်တို့တွင် အခေါက်ခွာထားသော အဖြူရောင်ညံရိုးများကို စည်းနှောင် ၍ သယ်ဆောင်လာကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ရှေ့ လမ်းမတစ်လျှောက်၌ ရောင်းချကြသည်။ ဘုရားဖူးလာသူများသည် ထိုညံရိုးချောင်းများကို အလုအယက်ဝယ်ယူကြ၍ ရှင်တော်ဘုရားအား အနွေးဓာတ်ရရှိစေရန် မီးရှို့ပူဇော်ကြပါသည်။ ညံရိုးမီးပူဇော်ပွဲကို ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်း ရတနာပုံစေတီတော် ဘုရားနားတွင် အလျား ပေ၂ဝx အနံ ၁၂ပေ၊ အမြင့် ၄ပေခွဲရှိ အုတ်ကန်ကို နှစ်ကန့်ခွဲ၍ ဖွဲ့စည်းထားသည်။ ညံရိုးပူဇော်ပွဲနေ့တွင် ဘုရားဖူးပြည်သူများ သည် နံနက် ၃နာရီနှင့် ၄ နာရီအတွင်း လာရောက်ကြသည်။ ပုံမှန်ဘုရားကြီး၏ အရပ်လေးမျက်နှာမှ တံခါးများကို နံနက် ၅နာရီတွင် ဖွင့်ပေးပြီး ညံရိုးပူဇော်ပွဲနေ့ တွင် နံနက် ၄နာရီတွင် တံခါးများကို ဖွင့် ပေးသည်။ နံ့သာတုံးအပါအဝင် ညံရိုး ချောင်းများကို မီးပုံပေါ်သို့ အဝေးမှပစ်ထည့်ပြီး ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပူဇော်ခြင်းကြောင့် ဥာဏ်ကောင်း
ခြင်းအကျိုးကိုရရှိနိုင်သည်ဟု ယုံကြည်ခဲ့ကြပြီး ဒွတ္တပေါင်မင်းကြီးလက်ထက်မှ ယနေ့အထိ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။

တပို့တွဲလအကြောင်း ဖွဲ့ဆိုရာတွင် ထမနဲပွဲမှာလည်း အဓိကဇာတ်ကောင်ဖြစ်
သည်။ ထမနဲပွဲကြောင့် တပို့တွဲလသည် ပိုမိုအသက်ဝင်လာပြီး မြန်မာလူမျိုးတို့၏
ကျက်သရေကိုပါ တင့်တယ်ထည်ဝါစေ ပါသည်။ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်တွင် ကျင်းပကြသည်။ နံနက် ၇ နာရီမှ စတင်ပြီး ထမနဲထိုးချိန်တစ်နာရီအတွင်း ယှဉ်ပြိုင်ရသည်။ ထမနဲထိုးရာတွင် မန်လည်ဆရာတော်ကြီး၏ စာချိုးနှင့်အညီ   ''ထမနဲထိုးရန်ဖို့
စာချိုးလို့မှာခဲ့မယ်၊ တစ်စိတ်ဆန်သည် ကောက်ညှင်းကိုလ တစ်ပိဿာဆီ အမှန်
သွင်းပါလို့ ချင်းကသုံးဆယ်၊ မြေပဲဖြူလှော်တစ်ခွက်ကယ်နဲ့ အုန်းသီးဆန်အတူ
စွတ်ပါလို့ နှမ်းမပျက်ဤနည်းနှယ်၊ ရေစင်ကြယ်ပထည့်ထိုး၊ လက်နှစ်သစ်သာပ၊ တွက်စစ်ကာချိန်၊ တစ်ဆယ်ဆားရယ်နဲ့ ၊ အားသစ်လို့ထိုး'' ဟူသည့်အတိုင်း ယှဉ်
ပြိုင်ကြသည်။ ဆုပေးပွဲကို ပြိုင်ပွဲပြီးသည့် နံနက် ၈နာရီခွဲတွင်ရင်ပြင်တော် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။ တပို့တွဲလပြည့်နေ့ ညံရိုးပူဇော်ပွဲအပြီး နံနက် ၆ နာရီတွင် ဘုရားဖူးလာပြည်သူများကို ပြိုင်ပွဲဝင်များ၏လက်ရာ ထမင်နဲများဖြင့် စတုဒိသာကျွေးမွေးကြသည်။ ထမနဲသည် မြန်မာ့ရိုးရာ အစားအစာဖြစ်၍ ဆေးဖက်လည်းပါ ဝင်ပါသည်။

ဆီနိုင်၍ အပူစာများ ပါဝင်သဖြင့် အလွန်ချမ်းအေး၍ အဆီခြောက် ခန်းချိန်ဖြစ်သော တပို့တွဲလရာသီနှင့် အလွန်သင့်မြတ်လေရာ ဆီနိုင်၍ အပူစာ
ထမနဲကို သုံးဆောင်လျှင် အသားအရေစို ပြည်၍ အပူဓာတ်ရလာသည်ဟုဆိုသည်။

စတုဒိသာထမနဲများ သုံးဆောင်ပြီး သည်နှင့် ဘုရားဖူးပြည်သူများသည် ပြည်
မြို့ တစ်ဖက်ကမ်းရှိ ဖိုးဦးတော်သို့ စက်လှေ များဖြင့် ဆက်လက်ဘုရားဖူးချီတက် ကြသည်။ ဖိုးဦးတောင်တော်သည် မြတ်စွာဘုရား ကြွလာပြီး ဗြာဒိတ်တော်ပေးတော်မူခဲ့သည့်နေရာလည်းဖြစ်ပြီး ပျူရှင်ဘုရင် ဒွတ္တပေါင်မင်းကြီးနှင့် ဗိဿနိုးပန်ထွာ မိဖုရားတို့၏ ဘဝဟောင်းကပွေးဖို ပွေးမတို့ နေထိုင်ကျက်စားခဲ့ရာ နေရာလည်းဖြစ် သည်။ ဖိုးဦးတောင်စေတီကို ဖူးမြော်ရင်း ဧရာဝတီမြစ်နှင့် သဘာဝတောင်စွယ် တောင်တန်းများ၏ လွမ်းမောဖွယ်ရာ ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။

ပြည်မြို့နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူ လူငယ်
များ အတန်းတင်စာမေးပွဲနီးလာသည့် ဤလရာသီတွင် ဥာဏ်ရည်ကောင်းစေရန် ညံရိုးပူးဇော်ရင်း အအေးဓာတ်ကို အံတုသည့် ဓာတ်စာထမနဲများ သုံးဆောင်ကာ စိတ်အပန်းဖြေသွားရောက်သည့် ဤဘာသာရေးပွဲတော်ကြီးကို ယနေ့အထိ ထိန်းသိမ်းလာခဲ့သည်မှာ အံ့မခန်းသည့် ဓလေ့တစ်ခုပင်ဖြစ်သည်။

( ကြေးမုံသတင်းစာပါ ဆောင်းပါး မှ ကူးယူဖော်ပြပါသည်။)

Saturday, January 28, 2017

သမိုင်းဝင်တန့်ကြည့်တောင် စေတီတော်သမိုင်း အကျဉ်း

 

                    သဗ္ဗညုဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ၊ ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ( ကိုး) လ ပြည့်မြောက်သည့် ပြာသိုလပြည့်နေ့၌ နောင်အခါ သာသနာ စည်ပင်ထွန်းကားမည့် သရေခေတ္တရာ ( ပြည်မြို့ ) ၏ အနောက်ဖက်ကမ်းတွင်ရှိသော ဖိုးဦးတောင် ( ပွေးဦးတောင် ) ထိပ်သို့ ကြွရောက်တော်မူခဲ့ရာ ဖိုးဦးတောင်၌ ပွေးဖို ၊ ပွေးမ ကြင်ဖော်နှစ်ဦးမှာ ဘုန်းကံပါရမီ ရှိသူများ ဖြစ်သည့်အလျောက် မြတ်စွာဘုရားအား ဖူးမျှော်လိုသဖြင့် ပထမ အကြိမ် ကြွရောက်တော်မူပြီးနောက် ဖူးမြော်ရန် စောင့်မျှော်လျှက်ရှိကြသည်။
                 မြတ်စွာဘုရားနောက်တစ်ကြိမ်
ကြွရောက်လာပါက ( သင်ဦးလျှင်လည်း ငါ့ကိုပြောပါလေ ၊ ငါ ဦးလျှင်လည်း သင့်ကို ပြောပါမည်)  ဟု အချင်းချင်း ကတိစကားပြုကာ စောင့်မျှော်နေကြသည်။ မြတ်စွာဘုရားရှင် သည် မဟာသက္ကရာဇ် ၁၀၇ ခုနှစ် ၌ ဒုတိယ အကြိမ် ဖိုးဦးတောင်ထိပ်သို့ ဒေသစာရီကြွချီတော်မူခဲ့ရာ ဘုရားရှင် သည် ပွေးဖို နှင့်သာ ကြုံတွေ့ရပြီး ပွေးမအား မပြောကြားနိုင်ဖြစ်ကာ မြတ်စွာဘုရားရှင် အား သန့်စင်သော မြေသိုင် မြေခဲ ကို ပွေးဖိုမှ လက်နှစ်ဖက်ဖြင့် လှူဒါန်းပူးဇော်ခဲ့လေသည်။
မြတ်စွာဘုရားရှင်မှလည်း '' ပွေးဖို '' အား နောင်အခါဝယ် '' ဒွတ္တပေါင်မင်း '' အဖြစ် ဗျာဒိတ်တော်ပေးသနားတော်မူပြီးနောက် ဆက်လက်ကြွမြန်းတော်ခဲ့လေသည်။

                  ပွေးမသည်လဲ မြတ်စွာဘုရား
ကြွတော်မူခဲ့သည်ကို နောက်မှသိရှိခဲ့ပြီး မြတ်စွာဘုရားအား မဖူးမြော် လိုက်ရသဖြင့် နှလုံး စိတ်ဝမ်း မချမ်းမြေ့ဖြစ်ခဲ့ရလေသည်။
ပွေးဖိုသည် မိမိနှင့် ကတိစကားပြုထားသော်လည်း မိမိအား မပြောဟုဆိုကာ မုန်းမာန်ပွားလေတော့သည်။ ထို့ကြောင့် မိမိအားဂရုမထားသော တကိုယ်ကောင်းဆန်သော ပွေးဖို နှင့် ဖြစ်လေရာ ဘဝအဆက်ဆက် အတူမဖြစ်ရလေ ဟု မြတ်စွာဘုရားထံ လိုက်ကာ ဆုပန်မည်ဟူ၍ အာရုံပြုလေသည်ကို မြတ်စွာဘုရားရှင် မှ သိမြင်တော်မူလေသဖြင့် ကြွမြန်းနေရာမှ တောင်ထိပ်တစ်နေရာ အရောက် တွင် တန့်ကြည့် လိုက်ပြီး နောက် ရပ်တော်မူလေသည်။ ပွေးမသည် မြတ်စွာဘုရားရှင် ရှေ့တော်မှောက်အရောက်တွင် အဖြစ်အပျက်အလုံးစုံကို လျှောက်ထား၍ ဆုပန်လေ တော့သည်။
                  ပွေးဖို သည်လဲ ပွေးမ ဆုပန်သည်ကို သိရှိ၍ '' သူစိမ်းကားသော်လည်း ကိုယ်ကား မစိမ်းကားနိုင်ပဲ ချစ်ခြင်းမေတ္တာတွယ်ကာ ၊ သူနှင့် ကျွန်ုပ်သည် တစ်ကျွန်းစီ တစ်ပြည်စီ ခြားစေကာမူ ကျွန်ုပ် ၏ သတင်းစကားကြားယုံမျှဖြင့် ကျွန်ုပ်ထံသို့ ရောက်ရှိပါစေ သတည်း '' ဟု မြတ်စွာဘုရားရှင်ထံမှောက် ဆုပန် ပြန်လည်ပန်ခဲ့သည်။
               ထို့နောက်ြမတ်စွာဘုရားရှင်သည်
တန့်ကြည့်တောင်တော်ထိပ် ယခု တန့်ကြည့်တောင်စေတီတော်တည်ရှိရာနေရာ၌ ပွေးဖို ပွေမအား ဗျာဒိတ်စကား မြွတ်ကြားခဲ့ရာ နောင်အခါ ပွေးဖိုသည် ဒွတ္တပေါင်မင်းဖြစ်သကဲ့သို့ ဆုပန်ဖက် ပွေးမသည် လည်း ဗိဿနိုး မိဖုရား ( ပန်ထွာ ဘုရင်မ)  ဟူ၍ ဗျာဒိတ်စကား မြွတ်ကြားပြီး အနောက်မဇ္ဈိမတိုင်း ကြွမြန်းတော်မူပါလေသည်။

သူရအောင်(ပြည်)
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼

ကိုးကားချက်။......။ အထက်ပါစာသားသည် တန့်ကြည့်တောင်တော်ပော်တွင်ရေးသားထားသော တန့်ကြည့်တောင်သမိုင်းအကျဉ်း မှ ကောက်နုတ်ဖော်ပြပါသည်။

မှတ်ချက် ။........... ။ တန့်ကြည့်တောင်ထိပ် စေတီတော်ရင်ပြင်ပေါ်သို့ ဗီဒီယို ၊ ကင်မရာ ၊ မှန်ဘီလူး ၊ လက်ကိုင်ဖုန်းအမျိုးမျိုး တို့ယူဆောင်ခွင့်မရှိပါ ။

ယခုပုံသည် သက်ဆိုင်ရာ တာဝန်ကျ ပုဂ္ဂိုလ်ထံခွင့်တောင်း၍ ထိုပုဂ္ဂိုလ်ရှေ့မှောက်တွင် စေတီတော်ပုံကို ဓာတ်ပုံရိုက်ယူခဲ့ခြင်းသာဖြစ်ပါသည်။
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼⬜⬜◼◼◼⬜◼◼

တန့်ကြည့်တောင်စေတီတည်ရာ ဒေသ
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ အနောက်ကမ်း နဝဒေးတံတားကို ဖြတ်၍သွားရသော ပန်းတောင်းမြို့နယ်အတွင်းတွင်တည်ရှိပါ
သည်။

Saturday, January 21, 2017

တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဗုဒ္ဓရုပ်ပွားတော်

တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးရုပ်ပွားတော်

       ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ သုဒဿနတောင်တော်၏ အရှေ့ဘက် ဇေယျပထဝီကုန်းတော်ပေါ်တွင်
တွင်တည်ထားကိုးကွယ်သော တိုင်းပြည်လုံးချမ်းသာဆယ်ထပ်ကြီး ရုပ်ပွားတော်
ဥာဏ်တော်အမြင့်မှာ (၇၃) တောင် ခုနစ် လက်မ ၊ ပေအားဖြင့် (၁၁၀) ပေ (၁) လက်မ ရှိပါသည်။
ဌာပနာတော် (၁၀)ထပ်ရှိပါသည်။
မြန်မာ သက္ကရာဇ် ( ၁၂၈၀) ခုနှစ်မှစတင်တည်ထားခဲ့ရာ (၁၂၉၀) ခုနှစ်တွင် ပြီးစီးအောင်မြင်ခဲ့ပါသည်။
ရုပ်ပွားတော် တည်ထားရာတွင် ပန်းရံဆရာပညာရှင် ခြောက် ဦးပြောင်းခဲ့ရပြီး
နောက်ဆုံး ခြောက်ဦးမြောက် ပန်းရံဆရာ ပညာရှင် ကနောင်မြို့မှ ဆရာဦးဖိုးချမ်း က အချိုးအစားပြေပြစ်စွာ တည်ထားနိုင်ခဲ့သူဖြစ်ပါသည်။

(ကိုးကား)
၂၀၁၆ ခုနှစ် ၊ အောက်တိုဘာ ၊ ၂၀ ရက်နေ့ ကြေးမုံသတင်းစာပါ မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန) ရေးသားသော
နဝဝါသီမြို့ရွှေပြည်မှ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးရုပ်ပွားတော် ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။

သမိုင်းဝင်ဗျာဒိတ်ရဝန်ချတောင် စေတီတော်

ပြည်မြို့ ဝန်ချတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ဗျာဒိတ်ရ ဝန်ချတောင် စေတီတော်

လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတာ်

ပြည်မြို့ သုဒဿနတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သော လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်