Tuesday, February 28, 2017

သီတဂူဆရာတော်ကြီးဘုရားကြီး၏ ထေရ်ရုပ္ပတ္တိ

သီတဂူဆရာတော် ဦးဥာဏိဿ      ရ သည် (၁၉၃၆ခုနှစ်) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့ပါသည်။
အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။ သက္ကရာဇ် ၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ ဘီအမ်အေ ကောလိပ် (မြန်မာ ဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက် ခဲ့ပါသည်။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင် တည်ဆောက်ခဲ့ပါသည်။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်-သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ (တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ ) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါသည်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း (၂၀)ခန့်ဖြင့် ဆေးဝါး ကုသ ဒါနပြုလျှက် ရှိပါသည်။) ၁၃၅၁ - ဆေးရုံပြီးမြောက် (ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။ ) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါန အလှူတော် သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီ အလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်) နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများ တည်ဆောက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံ တရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာ ဖြစ်သည်။ မျက်စိ အလင်းရရန် ခွဲစိတ် ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။

ပြည်ပသာသနာပြုခရီး
============
၁၉၈၁ခုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ် သွားရောက် သာသနာပြုခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ် ဆိုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာ ကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချ ဟောကြား ခဲ့ပါသည်။ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှ မျက်စိကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ပါသည်။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ် (၁၅)ယောက်တို့ဖြင့် ထေရ၀ါဒ ဓမ္မအသင်းကို တည်ထောင်ခဲ့ပါသည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ် တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့ပါသည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ် စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့ပါသည်။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချပေးခဲ့ပါသည်။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ၁၉၉၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင်ခဲ့ပါသည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မ စာစောင်များ ထုတ်ဝေခဲ့ပါသည်။ ဓမ္မသင်တန်း များပို့ချခဲ့ပါသည်။် ၂၀၀၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေ ပို့ချခဲ့ပါသည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။

အစိုးရက ဆက်ကပ်သည့် ဘွဲ့များ
==================
၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့
၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့
၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa)
၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံး ဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။

ရေးသားပြုစုခဲ့သည့် စာပေများ
=================
၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ၁၆။ကုမုဒြာတွေပွင့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့် ကျေးဇူး ဆပ်နိုင်ကြပါစေ။ကုသိုလ်ဒါနပြုနိုင်ကြပါစေ.

အားလုံးသိစေလို စိတ်ဖြင့် ..
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
ပြန်လည်မျှဝေပါတယ်

credit - အောင်အောင် (မကစ)

Sunday, February 12, 2017

ပြည်မြို့၏ တပို့တွဲလပြည့် ညံရိုးပူဇော်ပွဲ၊ ထမနဲပွဲနှင့် ဖိုးဦးတောင်ပွဲတော် =============================================== (မို့မို့) နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ကြရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆက်လက်ကျင်းပကြသည်။ ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ညံရိုးမီးပူဇော်ပွဲသည် မြန်မာတစ်နိုင်ငံလုံးတွင် အထူးခြားဆုံးသော ရှေးရိုးရာ ဘာသာရေး ပွဲတော်တစ်ခုလည်းဖြစ်သည်။ ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူပူဇော်ပွဲ သည် အခါရာသီနှင့်အညီ ကျင်းပပြုလုပ်သော ပူဇော်ပွဲဖြစ်ရာ ရှေးသူဟောင်းတို့က တပို့တွဲအကြောင်းရေးဖွဲ့ရာတွင် ''ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ''ဟု ဖွဲ့ ဆိုခဲ့ကြသည်။ တပို့တွဲလတွင် ရာသီပန်းအားဖြင့် ပေါက်ပန်း၊ လဲပန်းများပွင့်ကြပြီး ပွဲတော် အားဖြင့် မီးပုံပွဲ၊ ယာဂုပွဲများကျင်းပကြ သည်ကို ရည်ရွယ်၍ဖွဲ့ဆိုခဲ့ကြခြင်းဖြစ် သည်။ မီးပုံပွဲကို ''မီးဖုန်းပွဲ''ဟုလည်းခေါ်ကြသေးသည်။ ''ဖုန်း'' ဟူသော စကားသည် ''ပုည'' ဟူသောပါဠိစကားမှ ဆင်းသက်လာပြီး ကုသိုလ်ကောင်းမှုဟု အဓိပ္ပာယ်ရကာ ''မီးဖုန်းပွဲ''သည် မီးကုသိုလ်ပွဲဟု အဓိပ္ပာယ်ရပါသည်။ တောင်တွင်းကြီးဦးကြော့ရေးဖွဲ့သည့် တပို့တွဲလဘွဲ့ တေးထပ်တွင် ''ချမ်းဆိုသမှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး ရွှေလက်ကင်သည်၊ ရေစက်သွင်အေး တဲ့သည်လ''ဟု ရေးဖွဲ့ထားပါသည်။ ''မီးမယ်ဖျူး''ဆိုသည်မှာ ''မီးလင်းဖို'' ဟု အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားရှင် သည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး တော်မူစဉ် ညနေချမ်းအချိန်၌ ကျောင်း တော်၏ အနောက်ဘက်တွင် ကိုယ်တော် တစ်ပါးတည်း ကျောက်ကုန်းကို နေပူစာလှုံသည်ကို အကြောင်းပြု၍ မီးလင်းဖိုတွင် နံ့သာထင်းထည့် မီးရှို့ပြီးကပ်လှူကြသည်။ အလွန်အေးချမ်းသော ဆောင်း ရာသီတွင် မြတ်စွာဘုရားကို အလင်းဓာတ် နှင့် အနွေးဓာတ် လှူဒါန်းသောအနေဖြင့် ကုသိုလ်တရားပွားများနိုင်ရေးအတွက် ပျူလူမျိုးတို့က စတင်ကျင်းပခဲ့သည်ဟုလည်း မှတ်သားရပါသည်။ အခြားအခြားသော ဘုရားစေတီများတွင် နံ့သာထင်းများ မီးရှို့ကာ လှူဒါန်းပူဇော်ကြသော်လည်း ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် ညံရိုးများကိုသာ မီးရှို့ ပူဇော်ကြသည်။ ညံရိုးဆိုသည်မှာ အရွက်သေး၍ တို့စားရသော တစ်နှစ်ခံ စိမ့်မြေပေါက်အပင် မျိုးဖြစ်ပြီး ထိုအပင်၏ ပင်စည်မှ အခေါက်ပါးပါးလေးကို လျှော်ခွာသကဲ့သို့ ခွာလိုက်ပါက အဖြူရောင်ဖော့ရိုးများနှင့် ခပ်ဆင်ဆင်တူသည့် အဖြူရောင် ညံရိုးချောင်းများ ရရှိပါသည်။ ထိုညံရိုးချောင်းများသည် အနှစ်မပါ အပွသားများဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးရှိလှပါသည်။ ရှေးစာဆိုတို့ ဖွဲ့ဆိုခဲ့သော ကွင်းစခန်းခွန်းထောက်တွင် ''ပတ္တမြားရောင် ဖားကဖောင်သံလွင်လွင် နှင့် ရွှေညံပင်ရှုပ်မရှင်းတယ်၊ ကွင်းပြည့်ခမန်း'' ဟု ဖွဲ့ဆိုထားသည်နှင့်အညီ ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် ကမွန်ခြုံရွာနှင့် မှော်ဇာအနီးတစ်ဝိုက်တွင် ကွင်းပြည့်ခမန်း ညံရိုးများ အလေ့ကျ ပေါက်ကြပါသည်။ ထိုကျေးရွာများမှ ရွာသူရွာသားများ သည် တပို့တွဲလပြည့်နေ့မတိုင်မီ တစ်လလောက်အလိုကတည်းက ညံပင်များကို ခုတ်လှဲ၍ အခေါက်များခွာပြီး စုဆောင်းထားကြပါသည်။ တပို့တွဲလဆန်း ၁၃ရက်၊ ၁၄ ရက်တို့တွင် အခေါက်ခွာထားသော အဖြူရောင်ညံရိုးများကို စည်းနှောင် ၍ သယ်ဆောင်လာကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ရှေ့ လမ်းမတစ်လျှောက်၌ ရောင်းချကြသည်။ ဘုရားဖူးလာသူများသည် ထိုညံရိုးချောင်းများကို အလုအယက်ဝယ်ယူကြ၍ ရှင်တော်ဘုရားအား အနွေးဓာတ်ရရှိစေရန် မီးရှို့ပူဇော်ကြပါသည်။ ညံရိုးမီးပူဇော်ပွဲကို ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်း ရတနာပုံစေတီတော် ဘုရားနားတွင် အလျား ပေ၂ဝx အနံ ၁၂ပေ၊ အမြင့် ၄ပေခွဲရှိ အုတ်ကန်ကို နှစ်ကန့်ခွဲ၍ ဖွဲ့စည်းထားသည်။ ညံရိုးပူဇော်ပွဲနေ့တွင် ဘုရားဖူးပြည်သူများ သည် နံနက် ၃နာရီနှင့် ၄ နာရီအတွင်း လာရောက်ကြသည်။ ပုံမှန်ဘုရားကြီး၏ အရပ်လေးမျက်နှာမှ တံခါးများကို နံနက် ၅နာရီတွင် ဖွင့်ပေးပြီး ညံရိုးပူဇော်ပွဲနေ့ တွင် နံနက် ၄နာရီတွင် တံခါးများကို ဖွင့် ပေးသည်။ နံ့သာတုံးအပါအဝင် ညံရိုး ချောင်းများကို မီးပုံပေါ်သို့ အဝေးမှပစ်ထည့်ပြီး ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပူဇော်ခြင်းကြောင့် ဥာဏ်ကောင်း ခြင်းအကျိုးကိုရရှိနိုင်သည်ဟု ယုံကြည်ခဲ့ကြပြီး ဒွတ္တပေါင်မင်းကြီးလက်ထက်မှ ယနေ့အထိ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။ တပို့တွဲလအကြောင်း ဖွဲ့ဆိုရာတွင် ထမနဲပွဲမှာလည်း အဓိကဇာတ်ကောင်ဖြစ် သည်။ ထမနဲပွဲကြောင့် တပို့တွဲလသည် ပိုမိုအသက်ဝင်လာပြီး မြန်မာလူမျိုးတို့၏ ကျက်သရေကိုပါ တင့်တယ်ထည်ဝါစေ ပါသည်။ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်တွင် ကျင်းပကြသည်။ နံနက် ၇ နာရီမှ စတင်ပြီး ထမနဲထိုးချိန်တစ်နာရီအတွင်း ယှဉ်ပြိုင်ရသည်။ ထမနဲထိုးရာတွင် မန်လည်ဆရာတော်ကြီး၏ စာချိုးနှင့်အညီ ''ထမနဲထိုးရန်ဖို့ စာချိုးလို့မှာခဲ့မယ်၊ တစ်စိတ်ဆန်သည် ကောက်ညှင်းကိုလ တစ်ပိဿာဆီ အမှန် သွင်းပါလို့ ချင်းကသုံးဆယ်၊ မြေပဲဖြူလှော်တစ်ခွက်ကယ်နဲ့ အုန်းသီးဆန်အတူ စွတ်ပါလို့ နှမ်းမပျက်ဤနည်းနှယ်၊ ရေစင်ကြယ်ပထည့်ထိုး၊ လက်နှစ်သစ်သာပ၊ တွက်စစ်ကာချိန်၊ တစ်ဆယ်ဆားရယ်နဲ့ ၊ အားသစ်လို့ထိုး'' ဟူသည့်အတိုင်း ယှဉ် ပြိုင်ကြသည်။ ဆုပေးပွဲကို ပြိုင်ပွဲပြီးသည့် နံနက် ၈နာရီခွဲတွင်ရင်ပြင်တော် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။ တပို့တွဲလပြည့်နေ့ ညံရိုးပူဇော်ပွဲအပြီး နံနက် ၆ နာရီတွင် ဘုရားဖူးလာပြည်သူများကို ပြိုင်ပွဲဝင်များ၏လက်ရာ ထမင်နဲများဖြင့် စတုဒိသာကျွေးမွေးကြသည်။ ထမနဲသည် မြန်မာ့ရိုးရာ အစားအစာဖြစ်၍ ဆေးဖက်လည်းပါ ဝင်ပါသည်။ ဆီနိုင်၍ အပူစာများ ပါဝင်သဖြင့် အလွန်ချမ်းအေး၍ အဆီခြောက် ခန်းချိန်ဖြစ်သော တပို့တွဲလရာသီနှင့် အလွန်သင့်မြတ်လေရာ ဆီနိုင်၍ အပူစာ ထမနဲကို သုံးဆောင်လျှင် အသားအရေစို ပြည်၍ အပူဓာတ်ရလာသည်ဟုဆိုသည်။ စတုဒိသာထမနဲများ သုံးဆောင်ပြီး သည်နှင့် ဘုရားဖူးပြည်သူများသည် ပြည် မြို့ တစ်ဖက်ကမ်းရှိ ဖိုးဦးတော်သို့ စက်လှေ များဖြင့် ဆက်လက်ဘုရားဖူးချီတက် ကြသည်။ ဖိုးဦးတောင်တော်သည် မြတ်စွာဘုရား ကြွလာပြီး ဗြာဒိတ်တော်ပေးတော်မူခဲ့သည့်နေရာလည်းဖြစ်ပြီး ပျူရှင်ဘုရင် ဒွတ္တပေါင်မင်းကြီးနှင့် ဗိဿနိုးပန်ထွာ မိဖုရားတို့၏ ဘဝဟောင်းကပွေးဖို ပွေးမတို့ နေထိုင်ကျက်စားခဲ့ရာ နေရာလည်းဖြစ် သည်။ ဖိုးဦးတောင်စေတီကို ဖူးမြော်ရင်း ဧရာဝတီမြစ်နှင့် သဘာဝတောင်စွယ် တောင်တန်းများ၏ လွမ်းမောဖွယ်ရာ ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။ ပြည်မြို့နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူ လူငယ် များ အတန်းတင်စာမေးပွဲနီးလာသည့် ဤလရာသီတွင် ဥာဏ်ရည်ကောင်းစေရန် ညံရိုးပူးဇော်ရင်း အအေးဓာတ်ကို အံတုသည့် ဓာတ်စာထမနဲများ သုံးဆောင်ကာ စိတ်အပန်းဖြေသွားရောက်သည့် ဤဘာသာရေးပွဲတော်ကြီးကို ယနေ့အထိ ထိန်းသိမ်းလာခဲ့သည်မှာ အံ့မခန်းသည့် ဓလေ့တစ်ခုပင်ဖြစ်သည်။

ပြည်မြို့၏ တပို့တွဲလပြည့် ညံရိုးပူဇော်ပွဲ၊ ထမနဲပွဲနှင့် ဖိုးဦးတောင်ပွဲတော်
===============================================

(မို့မို့)

နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်
စေတီတော်မြတ်ကြီးတွင် ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ကြရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆက်လက်ကျင်းပကြသည်။ ပြည်မြို့
ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ညံရိုးမီးပူဇော်ပွဲသည် မြန်မာတစ်နိုင်ငံလုံးတွင် အထူးခြားဆုံးသော ရှေးရိုးရာ ဘာသာရေး ပွဲတော်တစ်ခုလည်းဖြစ်သည်။ ညံရိုးမီးပူဇော်ပွဲနှင့် ထမနဲဆွမ်းကပ်လှူပူဇော်ပွဲ သည် အခါရာသီနှင့်အညီ ကျင်းပပြုလုပ်သော ပူဇော်ပွဲဖြစ်ရာ ရှေးသူဟောင်းတို့က တပို့တွဲအကြောင်းရေးဖွဲ့ရာတွင် ''ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ''ဟု ဖွဲ့ ဆိုခဲ့ကြသည်။

တပို့တွဲလတွင် ရာသီပန်းအားဖြင့် ပေါက်ပန်း၊ လဲပန်းများပွင့်ကြပြီး ပွဲတော်
အားဖြင့် မီးပုံပွဲ၊ ယာဂုပွဲများကျင်းပကြ သည်ကို ရည်ရွယ်၍ဖွဲ့ဆိုခဲ့ကြခြင်းဖြစ် သည်။ မီးပုံပွဲကို ''မီးဖုန်းပွဲ''ဟုလည်းခေါ်ကြသေးသည်။ ''ဖုန်း'' ဟူသော စကားသည် ''ပုည'' ဟူသောပါဠိစကားမှ ဆင်းသက်လာပြီး ကုသိုလ်ကောင်းမှုဟု အဓိပ္ပာယ်ရကာ ''မီးဖုန်းပွဲ''သည် မီးကုသိုလ်ပွဲဟု အဓိပ္ပာယ်ရပါသည်။

တောင်တွင်းကြီးဦးကြော့ရေးဖွဲ့သည့် တပို့တွဲလဘွဲ့ တေးထပ်တွင် ''ချမ်းဆိုသမှ
စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး ရွှေလက်ကင်သည်၊ ရေစက်သွင်အေး တဲ့သည်လ''ဟု ရေးဖွဲ့ထားပါသည်။ ''မီးမယ်ဖျူး''ဆိုသည်မှာ ''မီးလင်းဖို'' ဟု
အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားရှင် သည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး တော်မူစဉ် ညနေချမ်းအချိန်၌ ကျောင်း တော်၏ အနောက်ဘက်တွင် ကိုယ်တော်
တစ်ပါးတည်း ကျောက်ကုန်းကို နေပူစာလှုံသည်ကို အကြောင်းပြု၍ မီးလင်းဖိုတွင် နံ့သာထင်းထည့် မီးရှို့ပြီးကပ်လှူကြသည်။ အလွန်အေးချမ်းသော ဆောင်း
ရာသီတွင် မြတ်စွာဘုရားကို အလင်းဓာတ် နှင့် အနွေးဓာတ် လှူဒါန်းသောအနေဖြင့် ကုသိုလ်တရားပွားများနိုင်ရေးအတွက် ပျူလူမျိုးတို့က စတင်ကျင်းပခဲ့သည်ဟုလည်း မှတ်သားရပါသည်။ အခြားအခြားသော ဘုရားစေတီများတွင် နံ့သာထင်းများ  မီးရှို့ကာ လှူဒါန်းပူဇော်ကြသော်လည်း ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် ညံရိုးများကိုသာ မီးရှို့ ပူဇော်ကြသည်။

ညံရိုးဆိုသည်မှာ အရွက်သေး၍ တို့စားရသော တစ်နှစ်ခံ စိမ့်မြေပေါက်အပင်
မျိုးဖြစ်ပြီး ထိုအပင်၏ ပင်စည်မှ အခေါက်ပါးပါးလေးကို လျှော်ခွာသကဲ့သို့ ခွာလိုက်ပါက အဖြူရောင်ဖော့ရိုးများနှင့် ခပ်ဆင်ဆင်တူသည့် အဖြူရောင် ညံရိုးချောင်းများ ရရှိပါသည်။ ထိုညံရိုးချောင်းများသည် အနှစ်မပါ အပွသားများဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးရှိလှပါသည်။ ရှေးစာဆိုတို့ ဖွဲ့ဆိုခဲ့သော ကွင်းစခန်းခွန်းထောက်တွင် ''ပတ္တမြားရောင် ဖားကဖောင်သံလွင်လွင် နှင့် ရွှေညံပင်ရှုပ်မရှင်းတယ်၊ ကွင်းပြည့်ခမန်း'' ဟု ဖွဲ့ဆိုထားသည်နှင့်အညီ ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် ကမွန်ခြုံရွာနှင့် မှော်ဇာအနီးတစ်ဝိုက်တွင် ကွင်းပြည့်ခမန်း ညံရိုးများ အလေ့ကျ ပေါက်ကြပါသည်။

ထိုကျေးရွာများမှ ရွာသူရွာသားများ
သည် တပို့တွဲလပြည့်နေ့မတိုင်မီ တစ်လလောက်အလိုကတည်းက ညံပင်များကို ခုတ်လှဲ၍ အခေါက်များခွာပြီး စုဆောင်းထားကြပါသည်။ တပို့တွဲလဆန်း ၁၃ရက်၊ ၁၄ ရက်တို့တွင် အခေါက်ခွာထားသော အဖြူရောင်ညံရိုးများကို စည်းနှောင် ၍ သယ်ဆောင်လာကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ရှေ့ လမ်းမတစ်လျှောက်၌ ရောင်းချကြသည်။ ဘုရားဖူးလာသူများသည် ထိုညံရိုးချောင်းများကို အလုအယက်ဝယ်ယူကြ၍ ရှင်တော်ဘုရားအား အနွေးဓာတ်ရရှိစေရန် မီးရှို့ပူဇော်ကြပါသည်။ ညံရိုးမီးပူဇော်ပွဲကို ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်း ရတနာပုံစေတီတော် ဘုရားနားတွင် အလျား ပေ၂ဝx အနံ ၁၂ပေ၊ အမြင့် ၄ပေခွဲရှိ အုတ်ကန်ကို နှစ်ကန့်ခွဲ၍ ဖွဲ့စည်းထားသည်။ ညံရိုးပူဇော်ပွဲနေ့တွင် ဘုရားဖူးပြည်သူများ သည် နံနက် ၃နာရီနှင့် ၄ နာရီအတွင်း လာရောက်ကြသည်။ ပုံမှန်ဘုရားကြီး၏ အရပ်လေးမျက်နှာမှ တံခါးများကို နံနက် ၅နာရီတွင် ဖွင့်ပေးပြီး ညံရိုးပူဇော်ပွဲနေ့ တွင် နံနက် ၄နာရီတွင် တံခါးများကို ဖွင့် ပေးသည်။ နံ့သာတုံးအပါအဝင် ညံရိုး ချောင်းများကို မီးပုံပေါ်သို့ အဝေးမှပစ်ထည့်ပြီး ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပူဇော်ခြင်းကြောင့် ဥာဏ်ကောင်း
ခြင်းအကျိုးကိုရရှိနိုင်သည်ဟု ယုံကြည်ခဲ့ကြပြီး ဒွတ္တပေါင်မင်းကြီးလက်ထက်မှ ယနေ့အထိ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။

တပို့တွဲလအကြောင်း ဖွဲ့ဆိုရာတွင် ထမနဲပွဲမှာလည်း အဓိကဇာတ်ကောင်ဖြစ်
သည်။ ထမနဲပွဲကြောင့် တပို့တွဲလသည် ပိုမိုအသက်ဝင်လာပြီး မြန်မာလူမျိုးတို့၏
ကျက်သရေကိုပါ တင့်တယ်ထည်ဝါစေ ပါသည်။ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်တွင် ကျင်းပကြသည်။ နံနက် ၇ နာရီမှ စတင်ပြီး ထမနဲထိုးချိန်တစ်နာရီအတွင်း ယှဉ်ပြိုင်ရသည်။ ထမနဲထိုးရာတွင် မန်လည်ဆရာတော်ကြီး၏ စာချိုးနှင့်အညီ   ''ထမနဲထိုးရန်ဖို့
စာချိုးလို့မှာခဲ့မယ်၊ တစ်စိတ်ဆန်သည် ကောက်ညှင်းကိုလ တစ်ပိဿာဆီ အမှန်
သွင်းပါလို့ ချင်းကသုံးဆယ်၊ မြေပဲဖြူလှော်တစ်ခွက်ကယ်နဲ့ အုန်းသီးဆန်အတူ
စွတ်ပါလို့ နှမ်းမပျက်ဤနည်းနှယ်၊ ရေစင်ကြယ်ပထည့်ထိုး၊ လက်နှစ်သစ်သာပ၊ တွက်စစ်ကာချိန်၊ တစ်ဆယ်ဆားရယ်နဲ့ ၊ အားသစ်လို့ထိုး'' ဟူသည့်အတိုင်း ယှဉ်
ပြိုင်ကြသည်။ ဆုပေးပွဲကို ပြိုင်ပွဲပြီးသည့် နံနက် ၈နာရီခွဲတွင်ရင်ပြင်တော် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။ တပို့တွဲလပြည့်နေ့ ညံရိုးပူဇော်ပွဲအပြီး နံနက် ၆ နာရီတွင် ဘုရားဖူးလာပြည်သူများကို ပြိုင်ပွဲဝင်များ၏လက်ရာ ထမင်နဲများဖြင့် စတုဒိသာကျွေးမွေးကြသည်။ ထမနဲသည် မြန်မာ့ရိုးရာ အစားအစာဖြစ်၍ ဆေးဖက်လည်းပါ ဝင်ပါသည်။

ဆီနိုင်၍ အပူစာများ ပါဝင်သဖြင့် အလွန်ချမ်းအေး၍ အဆီခြောက် ခန်းချိန်ဖြစ်သော တပို့တွဲလရာသီနှင့် အလွန်သင့်မြတ်လေရာ ဆီနိုင်၍ အပူစာ
ထမနဲကို သုံးဆောင်လျှင် အသားအရေစို ပြည်၍ အပူဓာတ်ရလာသည်ဟုဆိုသည်။

စတုဒိသာထမနဲများ သုံးဆောင်ပြီး သည်နှင့် ဘုရားဖူးပြည်သူများသည် ပြည်
မြို့ တစ်ဖက်ကမ်းရှိ ဖိုးဦးတော်သို့ စက်လှေ များဖြင့် ဆက်လက်ဘုရားဖူးချီတက် ကြသည်။ ဖိုးဦးတောင်တော်သည် မြတ်စွာဘုရား ကြွလာပြီး ဗြာဒိတ်တော်ပေးတော်မူခဲ့သည့်နေရာလည်းဖြစ်ပြီး ပျူရှင်ဘုရင် ဒွတ္တပေါင်မင်းကြီးနှင့် ဗိဿနိုးပန်ထွာ မိဖုရားတို့၏ ဘဝဟောင်းကပွေးဖို ပွေးမတို့ နေထိုင်ကျက်စားခဲ့ရာ နေရာလည်းဖြစ် သည်။ ဖိုးဦးတောင်စေတီကို ဖူးမြော်ရင်း ဧရာဝတီမြစ်နှင့် သဘာဝတောင်စွယ် တောင်တန်းများ၏ လွမ်းမောဖွယ်ရာ ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။

ပြည်မြို့နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူ လူငယ်
များ အတန်းတင်စာမေးပွဲနီးလာသည့် ဤလရာသီတွင် ဥာဏ်ရည်ကောင်းစေရန် ညံရိုးပူးဇော်ရင်း အအေးဓာတ်ကို အံတုသည့် ဓာတ်စာထမနဲများ သုံးဆောင်ကာ စိတ်အပန်းဖြေသွားရောက်သည့် ဤဘာသာရေးပွဲတော်ကြီးကို ယနေ့အထိ ထိန်းသိမ်းလာခဲ့သည်မှာ အံ့မခန်းသည့် ဓလေ့တစ်ခုပင်ဖြစ်သည်။

( ကြေးမုံသတင်းစာပါ ဆောင်းပါး မှ ကူးယူဖော်ပြပါသည်။)